သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်း လုပ်ငန်းအတွက် တောင်သူ (၁၂၄) ဦးအား မြေယာ/ သီးနှံလျော်ကြေးပေးအပ်ပွဲကျင်းပ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇) မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် လယ်၊ ဥယျာဉ် မြေနှင့် ကိုင်းမြေများအတွက် ကျေးရွာအုပ်စု (၅) အုပ်စုမှာ တောင်သူ ၁၂၄ ဦးအတွက် မြေယာ၊ သီးနှံလျော်ကြေးပေးအပ်ပွဲကို မတ်လ ၂၅ ရက်နေ့နံနက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။