ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမ်းမြို့၌ ကျင်းပသော (၇၈)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတက်ရောက်၊ MSME လုပ်ငန်းများ သွားရောက်ကြည့်ရှု
(၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိ ကြီးများနှင့်မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ အရာရှိ၊စစ်သည် မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။