မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းမတည်ငွေများအား ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ စီမံကိန်းကျေးရွာ(၃)ရွာသို့ ချေးငွေများ လွှဲပြောင်းပေးအပ်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ မတည်ငွေများအား ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ စီမံကိန်းကျေးရွာ(၃)ရွာရှိ ငါးလုပ်ငန်းလုပ်ကိုင်သူ ပြည်သူများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။