ရခိုင်ပြည်နယ်

ရသေ့တောင်မြို့ အောင်‌မြေဗောဓိဓမ္မရိပ်သာအလိုတော်ပြည့် ကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်လျက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်နှင့် သရီရကဓါတ်တော်များအား ပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် သာသနာသက္ကရာဇ် ၂၅၆၆ခု၊‌ ကောဇာသက္ကရာဇ် ၁၃၈၅ ခု၊ကဆုန်းလဆန်း(၁၃)ရက် ခရစ်နှစ် ၂၀၂၃ ၊မေ(၁)ရက်တနလ်ာနေ့၌ ရသေ့တောင်မြို့‌ အောင်‌‌မြေ‌ ဗောဓိဓမ္မရိပ်သာအလိုတော်ပြည့်ကျောင်းတိုက်၌ ကိန်းဝပ်စံပါယ်လျက်ရှိသော ဗုဒ္ဓစွယ်တော်မြတ်နှင့် သရီရကဓါတ်တော်များအား အများပြည်သူများ ပူဇော်ဖူးမျော်နိုင်ရန် ဂန္ဓကုဋီတိုက်တော်အား ဖွင့်လှစ်ပြီး စွယ်တော်မြတ်နှင့် သရီရကဓာတ်တော်များ ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈:၄၅)နာရီအချိန်က‌ အောင်မြေဗောဓိဓမ္မရိပ်သာအလို‌‌တော်ပြည့်‌ ကျောင်းတိုက်အတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

ပေါက်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ဆိုင်းဘုတ်စိုက်ထူ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၉)နာရီက  အဆိုပါရုံးရှေ့၌ ဆိုင်းဘုတ်စိုက်ထူခဲ့ကြကြောင်း သိရသည်။

တောင်ကုတ်မြို့၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု စုပေါင်းသွေးလှူဒါန်း

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာန မှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များက ယနေ့နံနက်ပိုင်းတွင် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့ပေါ်‌ နေပြည်သူများအတွက် ရေသယ်ယာဉ်များဖြင့် အလှည့်ကျ ရေဖြန့်ဝေပေး

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့တွင် နွေရာသီ ရေခမ်း‌ခြောင်မှု ပြဿများကြောင်း မြို့ပေါ်နေ ပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေနေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ

မာန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်မီးကိုစနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးကိုစနစ်တကျသုံးစွဲရေး အသိပညာပေး နှိုးဆော်ခြင်းကို  ယမန်နေ့ညနေ ၅ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။

မာန်အောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Compaign နှင့် အသိပညာပေး ဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက်၈နာရီက မြို့ပေါ်ရပ်ကွက် အတွင်းရှိ လမ်းဆုံ လမ်းခွနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တောင်ကုတ်မြို့ နယ်မီးသတ်ဦးစီးဌာနမှ လူထုအကျိုးပြုလုပ်ငန်းအဖြစ် ရေလှူဒါန်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလအတွင်း ပြည်သူများသောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လူထုအကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများသို့ သောက်သုံး‌ရေများ လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ဧပြီလ (၂၉) ရက်နေ့က သောက်သုံးရေ အခက်အခဲရှိသည့် ရပ်ကွက်များသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

ရခိုင်ပြည်နယ် စစ်တွေမြို့၌  ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဦးဥတ္တမခန်းတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လုပ်ငန်းရှင်းများတက်ရောက်ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ အ.ထ.က(၂)ကျောင်းဝန်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း တွဲဖက်ဖွင့်လှစ်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ အ.ထ.က(၂)ကျောင်းဝန်းအတွင်းတွင် တွဲဖက် ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သံတွဲ)၌ ဖွင့်လှစ်သင်ကြားပေးမည့် စက်မှု ဘာသာရပ်များ၊ သင်ကြားမှုအစီအစဥ်များ၊ ထောက်ပံ့ပေးအပ်မည့်အစီအစဥ်များနှင့် GTHS အောင်မြင်သူများအတွက် ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီလ (၃၀)ရက်နေ့ နေ့လယ်ပိုင်းတွင် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ
Subscribe to ရခိုင်ပြည်နယ်