ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်စေတီတော်မြတ်ကြီး၌ မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲ ကျင်းပ
၁၃၈၅ ခု၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မဟာဗောဓိရွှေညောင်ပင်အား ပရိဘောဂစေတီအဖြစ် သတ်မှတ်ပြီး၊ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင် စံဝင် နိဗ္ဗာန်နန်း ဆိုသည့်အတိုင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ဦးရာဇ်တော်ဂေါပကအဖွဲ့မှကြီးမှူး၍ ယနေ့၊ နံနက် (၈)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး၏ သာသနာ့ ဗိမာန်တော်၌ ကျင်းပခဲ့ကြသည်။