ရခိုင်ပြည်နယ်

ပေါက်တောမြို့၌ တစ်လမ်းမောင်းစနစ်အဖြစ် ပြည်သူများအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ယာဉ်ကြောကျပ်တည်းမှုများကို ဖြေရှင်းနိုင်ရန် ယာဉ်အသုံးပြုသွားလာနေသူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရန်နှင့် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးအတွက် မြို့နယ်တစ်လမ်း မောင်းစနစ်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပေါက်တောမြို့ရှိ မြို့နယ်စည်ပင်သာယာရေးဈေးကြီးအဝင်လမ်း၊ ဗိုလ်ချင်းပျံလမ်း၊ ရွှေပန်းထိမ်လမ်း၊ ဗိုလ်ချင်းပျံလမ်းသွယ်၊ အဏ္ဏဝါသီရိလမ်း၊ ပြန်/ဆက်ရုံးကြားလမ်းနှင့် စောပြည့်ညိုလမ်းတို့ကို တစ်လမ်းမောင်းစနစ်အဖြစ် အသိပညာပေးလုပ်ငန်းများယနေ့ နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ ရခိုင်ရိုးရာပြိုင်လောင်း(လှေ)နှစ်စီး ရေချမင်္ဂလာပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဘုရား၏ ဓာတ်လှေကားအနီးတွင် ထားရှိသည် အလျား ၆ လံ၊ အလံ ၂ တောင်ရှိသည့် ရခိုင်ရိုးရာပြိုင်လောင်း(လှေ)နှစ်စီးအား ရေချမင်္ဂလာပွဲကို ရခိုင်ရိုးရာတီးဝိုင်းများဖြင့် ပြိုင်လောင်း(လှေ)ဝါသနာရှင်များ တစ်စုကြီးမှူးပြီး ယမန်နေ့ နံနက် ၉ နာရီက ဦးရာဇ်တော် ဘုရားတောင်ခြေရင်း ကင်းချောင်းရေပြင်၌ ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကုတ်-သံတွဲကားလမ်းဘေးရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာနှင့် ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ မရောင်းချစေရန် အတွက် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ မရောင်းချစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေးဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာနှင့် ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ မရောင်းချစေရန်အတွက် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာကြည့်ရှုစစ်ဆေးခြင်းနှင့် ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ မရောင်းချစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အမ်း​မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်​ရေးမှူးများ တွေ့ဆုံပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံပွဲကို ဧပြီလ၊ ၂၈ နေ့ နေ့လည် (၁၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌  တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန် စားသောက်ကုန်များအား မရောင်းချစေရန်အတွက် ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌  တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန် စားသောက်ကုန်များအား မရောင်းချစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ  ဈေးဆိုင်၊ဆေးဆိုင်များသို့ ပူးပေါင်း အဖွဲ့မှ ရှောင်တခွင်ကွင်းဆင်း စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော် အရာရှိကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဘူးသီးတောင်မြို့နယ်၌ စံပြကျေးရွာ၊ RBF၊ မြစိမ်းရောင်၊ VDP ကျေးရွာရွေးချယ်ရေး အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြှင့်တင်ရေးစီမံကိန်း (RBF)၊နှင့် Smart Villageရွာ၊ Onevillage one product ကျေးရွာရွေး ချယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၂)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့၌ မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ် ဆောင်ရွက်

ရခိုင်ပြည်နယ်၊‌ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌  မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show) ကိုယနေ့ နံနက်  ၁၀ နာရီအချိန်က အဆိုပါခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်