ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် ပထမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ
ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဗုဒ္ဓဘာသာ ဝင်များ အထွက်အမြတ်ထားရာ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ပထမအကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်း ပူဇော်ပွဲကို ယမန်နေ့ ညနေ (၅) နာရီ အချိန် မြို့ဦးရွှေစည်းခုံ ဆံတော်မြတ် စေတီတော်ကြီးတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။