ဂွမြို့နယ်အတွင်းရှိ မုန်တိုင်းဘေးခိုလှုံရာ နေရာများသို့ ရောက်ရှိနေသည့် ပြည်သူများအား စားရေရိက္ခာများ ထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းများက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စနစ်တကျ ပြောင်းရွေ့ပေးခဲ့ကြပြီး မုန်တိုင်းဘေး ခိုလှုံရာ ပြည်သူများအတွက် စားရေရိက္ခာများကို ယမန်နေ့က ထောက်ပံ့ပေး အပ်ခဲ့ကြ သည်။