ဂွမြို့၌ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးပြီး သစ်ပင်၊သစ်ကိုင်းများကျိုးကျ၊ ဓာတ် အားလိုင်းတိုင်များ ပြိုလဲမှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ ဂွမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ သစ်ပင်၊သစ်ကိုင်းများကျိုးကျပြီး ဓာတ်တိုင်များပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်သဖြင့် တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။