ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့တွင် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့် ရပ်ကွက်နေပြည်သူများအား ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ရွှေ့ပြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သည် ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများတွင်ပါဝင်သော မြို့တစ်မြို့အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ကျောက်ဖြူမြို့တွင် မုန်တိုင်းဘေးဒဏ်ခံရနိုင်သည့် ရပ်ကွက်နေပြည်သူများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက မုန်တိုင်းဘေးလွတ်ရာနေရာများဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

မြေပုံမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်နေရာများမှ ပြည်သူများနှင့်ပစ္စည်းများအား တာဝန်ရှိသူတို့က ကူညီပံ့ပို့လျက် ဘေးလွတ်ရာသို့ပြောင်းရွှေ့

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင်  မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သောနေရာများမှ   ပြည်သူများနှင့် ပစ္စည်းများအား တာဝန်ရှိသူများက  ဘေးလွတ်ရာသို့ရောက်ရှိနိုင်ရေး  ကူညီပံ့ပိုးလျက်  ယမန်နေ့ နံနက်ပိုင်းစ၍ ညနေ(၄)နာရီအချိန်အတွင်း အပြီးပြောင်းရွှေ့လျက်ရှိသည်။

ဘူးသီးတောင်မြို့၌သဘာဝဘေးအန္တရာယ် ကျရောက်လာပါကထိခိုက်ပျက်ဆီး မှုမရှိစေရေး သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် တွင်သဘာဝဘေး အန္တရာယ်ကျ ရောက်လာ ပါကထိခိုက်ပျက်ဆီးမှု မရှိစေရန်ရည်ရွယ်၍သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ ပြည်သူများ အား မုန်တိုင်းဘေးခိုလှုံရာ နေရာများ သို့ ပြောင်းရွှေ့ပေး လျက်ရှိပြီး စားရေရိက္ခာများ အား ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သော ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းဘေးခိုလုံရာနေရာများသို့ ယနေ့ နံနက်ပိုင်းမှ စတင်ကာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းများက စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွေ့ပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင်နေထိုင်ကြသူများ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဘေးလွတ်ရာ‌နေရာများသို့ ရွှေ့ပြောင်းနေထိုင်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်  

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်နေထိုင်ကြသူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာ‌နေရာများသို့ ရွှေ့ပြောင်းနေထိုင်လာသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ပြည်သူ့ဆေးရုံအား တာ၀န်ရှိသူများက ယမန် နေ့ နံနက်ပိုင်းက စစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။

မုန်တိုင်းဘေးရှောင်ပြည်သူများအား ဆန်နှင့်ဆီများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မုန်တိုင်းရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာ များကို ယမန်မန်နေ့ မွန်းလွဲ ၁၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာ စိန်နှင့်တာဝန်ရှိသူများသည် ခမောင်းတုန်းကျေးရွာအုပ်စုနှင့် ဆင်ခေါင်းကျေးရွာ အုပ်စုများသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

တောင်ပြိုလက်ဝဲမြို့၌  မုန်တိုင်းဘေး ကျရောက်နိုင်သည့် ရပ်ကွက်နေပြည်သူများအား မုန်တိုင်းခိုလုံရာ နေရာများသို့ စတင်ပြောင်းရွှေ့

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ရပ်ကွက်နေပြည်သူများအား မုန်တိုင်း ခိုလုံရာနေရာသို့ ယနေ့ နေ့လည်ပိုင်းကစတင် ရွှေ့ပြောင်းပေး ခဲ့ကြောင်းသိရသည်။

အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများမှပြည်သူများအား မုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံမည့်စခန်းများသို့ ပြောင်းရွှေ့

ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ် ကမ်းခြေနှင့်နီးသည့် ကျေးရွာများမှ ပြည်သူများအား ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက်ပိုင်းအထိ မုန်တိုင်းဘေးလွတ်ရာ နေရာ ယာယီစခန်းများသို့ ပြောင်းရွှေ့ပေးလျက် ရှိကြောင်းသိရသည်။

မင်းပြားမြို့နယ်ရှိ ပြည်သူများမုန်တိုင်းခိုလုံရာနေရာများသို့ သွားရောက်ကြည့်ရှုအားပေး စကားပြောကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှပြည်သူများအား မုန်တိုင်းခိုလုံရာနေရာသို့ မေ၁၁ရက်နေ့ ညနေပိုင်းက စတင်ကာ ​ရွှေ့ပြောင်းလာခဲ့ကြရာယနေ့ထိ ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

ရသေ့တောင်မြို့၌ မြို့နယ်မစဖအဖွဲ့ဝင်များမှ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအားရွှေ့ပြောင်းနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့်မုန်တိုင်းသည် အားကောင်း လာကာဆိုင်က လုန်းမုန်တိုင်းမိုခါ(MOCHA) အားကောင်းလာသည့် အတွက်ကြောင့်ရ သေ့တောင်မြို့နယ် အတွင်းမုန်တိုင်းအန္တရာယ် ကျရောက်နိုင်သောယာယီနေရပ် စွန့်ခွာသူများ စခန်းနေရာများ (IDP စခန်း)မှမိဘပြည်သူများနှင့် ပစ္စည်းများအားရွှေ့ပြောင်းနိုင်ရေးအတွက် မြို့နယ်မစဖအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့များ သည် ယနေ့နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်