ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများကျိုးကျပြီး ဓာတ်တိုင်များကျိုးကျ၊ လမ်းပိတ်ဆို့မှုမဖြစ်စေရေးနှင့် လျှပ်စစ်မီးများ အမြန်ဆုံးပြန်လည်ရရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်၊သစ်ကိုင်းများနှင့် ဓာတ်တိုင်များကျိုးကျပျက်စီးသဖြင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လမ်းများပိတ်ဆို့မှုမဖြစ်စေရေးနှင့် လျှပ်စစ်မီးများ အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။

သံတွဲမြို့နယ်အတွင်း “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ကျိုးပဲ့နေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရေးဆောင်ရွက်

သံတွဲမြို့နယ်အတွင်း “မိုခါ”မုန်တိုင်းတိုက်ခတ်မှုကြောင့် လဲကျ၊ကျိုးပဲ့နေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရေးဆောင်ရွက်မှုများကို ယမန်နေ့ ညနေမှစ၍ သံတွဲမြို့ နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် အမ်းလေဆိပ်ရှိ လေယာဉ်ကွင်းမီးသတ် ကားအဆောက်အဦ(၁)လုံး ပြိုကျပျက်စီး၍ နေအိမ်(၁၂)လုံး၊ တဲ(၄၁) လုံး အမိုးလန်ပျက်စီး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ယမန်နေ့ နေ့လယ်က အမ်းလေဆိပ်ရှိ လေယာဉ်ကွင်းမီးသတ်ကား အဆောက် အဦ(၁)လုံး ပြိုကျပျက်စီး၍ နေအိမ်(၁၂) လုံး၊ တဲ(၄၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ပြင်းထန်စွာ တိုက်ခိုက်၍ ပျက်စီးလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လေပြင်းစတင်တိုက်ခိုက် ခဲ့သည်။

တောင်ကုတ်မြို့နယ်တွင် အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်း တိုတ်ခတ်မှုကြောင့် လူနှင့် နေအိမ်၊ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အင်အားပြင်းမိုခါ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ၊ နေအိမ်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကနဦး သိရသည်။

တောင်ကုတ်မြို့နယ်တွင် အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်း တိုတ်ခတ်မှုကြောင့် လူနှင့်နေအိမ်၊ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အင်အားပြင်းမိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ၊ နေအိမ်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကနဦး သိရသည်။

မအီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၄)လုံး အမိုးလန်ပျက်စီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာအုပ်စု၊ ကင်းခြေရွာဟောင်းကျေးရွာတွင် ယနေ့နေ့လယ် (၂)နာရီခွဲ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပြီး သစ်ပင်၊ သစ်ကိုင်းများကျိုးကျ၊ တာဝန်ရှိသူများမှ ရှင်းလင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ် မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ပင်၊ သစ်ကိုင်းများနှင့် ဓာတ်တိုင်များကျိုးကျ၊ ပျက်စီးသဖြင့် တာဝန်ရှိသူများမှ အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။

အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် အမ်းလေဆိပ်ရှိ လေယာဉ်ကွင်း မီးသတ်ကားအဆောက်အဦ(၁)လုံး ပြိုကျပျက်စီး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန် တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ယမန်နေ့ နေ့လယ်က အမ်းလေဆိပ်ရှိ လေယာဉ်ကွင်းမီးသတ်ကား အဆောက်အဦ(၁) လုံးပြိုကျ ပျက်စီး၍ နေအိမ်(၁၂) လုံး၊ တဲ(၄၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။

ဂွမြို့နယ် ရွှေဦးကွင်းကျေးရွာရှိ မုန်တိုင်းသင့်နေအိမ်များအား တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ရာ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရွှေဦးကွင်းကျေးရွာရှိ မုန်တိုင်းသင့်နေအိမ်များအား ယမန်နေ့ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်