ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့နေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းခက်များအား တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့မဈေးနှင့် ဌာနဆိုင်ရာ အဆောက်အဦးရုံးများ၊ နေအိမ်များ၊ လမ်းများ၌ ကျိုးပဲ့နေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းသစ်ခက်များ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်ပြီး​သည့်နေမှစ၍ ယနေ့အထိ ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။

သံတွဲခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတွဲခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အရေးပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်း မေလ၁၄ရက်နေ့ နံနက်ပိုင်းက အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါသည်အရှေ့တောင်အရပ်မှ(၁)နာရီလျှင် လေတိုက်နှုန်းမိုင်(၆၀)နှုန်းဖြင့် တိုက်ခတ်ခဲ့ကာ မိုးရေချိန်လက်မ ၀•၀၆လက်မရွာသွန်းခဲ့ကြောင်း မာန်အောင်မြို့နယ် မိုးလေဝသစခန်းမှ နံနက် ၈ နာရီခွဲ မြေပြင်မိုးလေဝသ တိုင်းတာချက်အရ သိရသည်။

မြေပုံမြို့နယ်အတွင်း “မိုခါ” မုန်တိုင်းတိုက်ခတ်မှုကြောင့် အဆောက်အဦးနှင့် လူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွား

ရခိုင်ပြည်နယ်၊  မြောက်ဦးခရိုင်၊  မြေပုံမြို့နယ်၌  ယမန်နေ့ နံနက်ပိုင်းမှစတင်၍ အင်အားပြင်း “မိုခါ” မုန်တိုင်းတိုက်ခတ်မှုကြောင်း  အ ဆောက်အဦးများနှင့်လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရမ်းဗြဲမြို့၌ အင်အားပြင်းမိုခါမုန်တိုင်း တိုက်ခတ်မူကြောင့် လူနေအိမ်နှင့်အဆောက်အဦများ သစ်ပင်သစ်ကိုင်းများ ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးပြီး လမ်းပိတ်ဆို့မူ မဖြစ်စေရေး တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လေမုန်တိုင်းတိုက်ခတ်မူကြောင့် နေအိမ်နှင့်အဆောက်အဦများ အမိုးလန်ခြင်း သစ်ပင်သစ်ကိုင်းများ၊ ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးပြီး လမ်းပိတ်ဆို့မူများ ဖြစ်ပေါ်နေခြင်းအား ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တောင်ကုတ်မြို့နယ်၌ မုန်တိုင်းဘေးရှောင်ပြည်သူများအား နေရပ်သို့ပြန်လည် ပို့ဆောင်ပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မြို့ပေါ်ရှိ မုန်တိုင်းဘေးရှောင်ယာယီစခန်းများတွင်လာရောက် ခိုလှုံကြသည့်ပြည်သူများအား ယမန်နေ့နံနက်ပိုင်းမှစ၍ ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့်  ရပ်ကွက်များနှင့် ကျေးရွာများတွင် နေအိမ်အချို့အမိုးလန်ပျက်စီး ခဲ့ပြီး လမ်းများ၌ သစ်ပင်၊သစ်ကိုင်းများ ကျိုးကျ၊ ပျက်စီးခဲ့ကြောင်းသိရသည်။

မြေပုံမြို့၌ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင်း အဆောက်အဦးများ၊ သစ်ပင်သစ်ကိုင်းများ၊ ဓာတ်မီးတိုင်များ ပြိုလဲကျိုးကျပျက်စီးပြီး လမ်းပိတ်ဆို့နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းရှင်းလင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ လေမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် အဆောက်အဦးများ အမိုးလန်ခြင်း၊ သစ်ပင်သစ်ကိုင်းများ၊ ဓာတ်မီးတိုင်များ ပြိုလဲကျိုးပျက်စီးပြီး လမ်းပိတ်ဆို့မှုများဖြစ် ပေါ်နေခြင်းအား ရှင်းလင်းခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းရှင်း လင်းဆောင်ရွက်သည်။

သံတွဲမြို့နယ်တွင် “အင်အားပြင်းမိုခါမုန်တိုင်း” တိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွား

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ယနေ့နံနက်က “အင်အားပြင်းမိုခါမုန်တိုင်း” တိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မုန်တိုင်းသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင်  မုန်တိုင်းသင့်ပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်