အမ်းမြို့ပညာအလင်းတံခါးစာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
ရခိုင်ပြည်နယ်အတွင်းရှိကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ် မြတ်နိုး လာစေရန်နှင့် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင် သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အသင်းဝင်များသည် ယနေ့နံနက် ၁၀ နာရီအချိန်က အမ်းတောင်အုပ်စု ပျဉ်းတောကျေးရွာရှိ ပညာအလင်းတံခါးစာကြည့်တိုက်သို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။