ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ ကျေးရွာများသို့ သွားရောက်ကြည့်ရှု
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် တာ၀န်ပေးခဲ့ရသည့် ဗိုလ်မှူးချုပ် တင်ဆွေ သည် ယနေ့ ညနေပိုင်းက မောင်တောမြို့သို့ ရောက်ရှိခဲ့ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ နေဦးက မုန်တိုင်းဘေးကြောင့် မိမိတို့မြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့မှုများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ပြည်သူများအား လတ်တလော စား၀တ်နေရေးအဆင်ပြေစေရေးအတွက် ယာယီတဲများ တည်ဆောက်နေမှု စသည့်တို့အား တင်ပြခဲ့သည်။