မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့် သစ်ပင်၊ သစ်ကိုင်း များအားရှင်းလင်းဆောင် ရွက်
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်၊ သစ်ကိုင်းများ လမ်းပိတ်ဆို့မှုများမဖြစ်စေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၊လူသွားလူလာများသောနေရာများ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ သျှစ်သောင်းဘုရားအနီးမှ အလယ်ဈေးတံတားအထိ သစ်ပင်၊ သစ်ကိုင်းများ လမ်းပိတ်ဆို့မှု မရှိစေရေးအတွက် အမြန်ဆုံးပြန်လည်ထူ ထောင် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။