ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများ သွားရောက

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် တာ၀န်ပေးခဲ့ရသည့် ဗိုလ်မှူးချုပ်တင်ဆွေ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများ နှင့်အတူယမန်နေ့ ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော အဆောက်အဦးများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

မိုခါမုန်တိုင်းကြောင့် ဂွမြို့နယ်အတွင်း  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးစီးသောအဖွဲ့က ဆန်၊ ဆီနှင့်သွပ်များ ထောက်ပံ့

ရခိုင်ပြည်နယ်တွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်  ဂွမြို့နယ်အတွင်း  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးစီးသောအဖွဲ့က ယမန်နေ့နံနက် ၉နာရီအချိန်က ကျိန္တလီမြို့၊ ကျောက်ခေါင်းကွင်း ကျေးရွာရှိ အ.မ.ကကျောင်းအား သွပ်များထောက်ပံ့ခဲ့ပြီး  နံနက်၁၀နာရီ ၅၀မိနစ်တွင် ဂွမြို့၊ ရွှေဦးကွင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းအတွက်  ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြသည်။

ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ မာန်အောင်မြို့နယ် အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းများအားကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းမိုခါ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ကျောင်း များအား ပြန်လည် ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်မှ မာန်အောင်ဒေသကို အနီးကပ် ကြီးကြပ်နိုင်ရန် တာဝန်ပေးခံရသည့် ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်၈နာရီခွဲက မာန်အောင်ကျွန်း ပတ်လမ်း တစ်လျှောက်ရှိ စာသင်ကျောင်းများအား သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောက်တော်မြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု(၈၄)အုပ်စုရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောက်တော်မြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ကျေးရွာအုပ်စု (၈၄) အုပ်စုရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ပြည်သူများအား ထောက်ပံပေးအပ်ခဲ့သည်။

အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှဦးဆောင်မှုဖြင့် ယမန်နေ့ နေ့လယ်၂ နာရီအ ချိန်တွင် ရွှေအမ်းတောင်ခန်းမ၌ ပြည်သူများအားထောက်ပံပေးအပ်ခဲ့သည်။

မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူးထောင်ရေး ကော်မတီဝင်များမှ လေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်(ဆန်)ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်များအား ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေးအဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ထိခိုက်မှုများပြားသော ကျေးရွာအုပ်စု(၁၆)အုပ်စုသို့ ဆန်များ လွှဲပြောင်း ပေးအပ် ထောက်ပံ့ခြင်းပြုလုပ်သည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့ရမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီခွဲက မုန်တိုင်းဒဏ်ခံခဲ့ရသည့် စာသင်ကျောင်းများ၏ ပျက်စီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မင်းပြားမြို့ အ.ထ.က(၃)၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့နေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းခက်များအား တပ်မတော်နှင့် ဌာနဆိုင်ရာများက ခုတ်ထွင်ရှင်းလင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းလေပြင်း တိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိရာ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခြံဝင်းအတွင်း၌ ပိမိနေသောသစ်ပင် သစ်ကိုင်းများအား နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းပြီး ယနေ့နံနက် ၇ နာရီက ဆက်လက်ခုတ်ထွင် ဖယ်ရှားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့်နေရာများအား ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့် နေရာများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ(အခမဲ့) ဆေးကုသပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က လက်ဝဲဒက်ပြင်ရှည်ကျေးရွာ စာသင်ကျောင်း၌ ဒေသခံ ပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်