ရခိုင်ပြည်နယ်

ဗိုလ်မှူးချုပ် ဆန်နီအုံး ပေါက်တောမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် တွေ့ဆုံပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် အခြေခံပညာကျောင်းများနှင့် ဆေးရုံအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ​ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် အခြေခံပညာစာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ လူနေအိမ်များ၊ ဆည်မြောင်းတာတမံများ၊ လမ်းတံတားများနှင့် တိရစ္ဆာန်များ သေကြေပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မေလ ၂၀ ရက်နေ့ ညနေပိုင်းက ဗိုလ်မှူးချုပ် ဆန်နီအုံးသည် ပေါက်တောမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ​​ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများအား စစ်တွေမြို့ ကုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့်ဒေသခံပြည်သူများကို စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာခင်ခင်ဇော်ဦးဆောင်သည့်  အထူးကုဆရာဝန်ကြီး များပါဝင်သော ဆေးကုသရေးအဖွဲ့နှင့်စစ်တွေမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးပညာဦးစီးဌာနက ကျန်းမာရေးအသိပညာပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ မြို့မ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာ၀န်ရှိသူများ စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ဘူးသီးတောင်ဒေသသို့ အနီးကပ် ကြီးကြပ်နိုင်ရန် တာဝန်ပေးခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ယမန်နေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် (ဂန္ဓာမာကျေးရွာ) အခြေခံပညာမှုလတန်းကျောင်းသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် နေရာများသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန်  ပေါက်တောမြို့သို့ ရောက်ရှိလျက်ရှိကြသည်။

ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီး လူနေအိမ်များ အမိုးလန်ပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုနှင့် နန်းရာကုန်ကျေးရွာအုပ်စု စာသင်ကျောင်းများ၌ ပေးအပ်ခဲ့ကြသည်။

ရသေ့တောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်သင့်ခဲ့သည့် စာသင်ကျောင်းများ၊ ယာယီဆေးပေးခန်းဖွင့် လှစ်ထားမှု၊ သောက်ရေဖြန့်ဝေပေးမှုနှင့် ရှာ‌ဖွေကယ်ဆယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်‌နေမှုများအား ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာ၀န်ရှိသူများ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း၌ မုန်တိုင်းဒဏ်‌ကြောင့်ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက်  ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနိုင်လင်းထက်၊ တာ၀န်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သောနေရာများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ သွားရောက်ကြမည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား နှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)ဖြတ်သန်းတိုက်ခတ်မှုကြောင့်ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သွားရောက်ဆောင်ရွက်ကြမည့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ဝင်များအား မေလ ၂၀ ရက်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးနှုတ်ဆက်ခဲ့ကြ သည်။

ကျောက်တော်မြို့၊ မြို့မဈေးကြီးနှင့် ချမ်း‌‌မြေ့နဒီပန်းခြံ၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့နေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းများအား ဌာနဆိုင်ရာများက ခုတ်ထွင်ရှင်းလင်း  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်း လေပြင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျှက်ရှိရာ မြို့မဈေးကြီးနှင့် ချမ်း‌‌မြေ့နဒီပန်းခြံဝင်းအတွင်း၌ ပိမိနေသောသစ်ပင်သစ်ကိုင်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းပြီး ယမန်နေ့နံနက် ၈ နာရီက ဆက်လက်ခုတ်ထွင်ရှင်းဖယ်ရှားခဲ့သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ဗိုလ်ချုပ်အောင်မျိုးထွန်း၊ ဗျူဟာမှူး၊ မစဖအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများဖြင့် ထောက်ပံပစ္စည်းများ ပေးအပ်ရေးနှင့်ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများအားညှိနှိုင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် အနီးကပ်အကြံပေး ဗိုလ်ချုပ်အောင်မျိုးထွန်း၊ ဗျူဟာမှူး၊ မစဖအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့် လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်သည့် အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ Command post ရုံးခန်းတွင် ၁၈.၅.၂၃ ရက်နေ့မှစ၍ နေ့စဥ်ညနေ ၄ နာရီ ၃၀ တွင်ပုံမှန်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ည‌နေကလည်း ညှိနှိုင်းစည်းဝေးဆောင်ရွက်ကြသည်။

အမ်းမြို့၌အသျှိုချင်းတိုင်းရင်းသားများ ဝါးဖြင့်အသုံးအဆောင်ပစ္စည်းများ ရက်လုပ်ရောင်း ချသူများ အဆင်ပြေ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်အမှတ် (၃)စျေးရပ်ကွက်အောက် ကျင်း၌ တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေကြသောအသျှို ချင်းတိုင်းရင်းသူ တိုင်းရင်း သားများရိုးရာ နှီးဝါး ဖြင့်အသုံးအ ဆောင်ပစ္စည်းများတစ်ပိုင်တစ်နိုင်ရက် လုပ်ရောင်းချ နေသူများနှင့်ပြန်ကြား ရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ယမန် နေ့ညေနအချိန်ကသွား ရောက်တွေ့ဆုံလေ့လာကာ အားပေးစကားများပြောကြားခဲ့ပြီး မေးမြန်းချက်များအရ လုပ်ငန်းများအဆင်ပြေကာအဝယ်လိုက်လျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်