ဂွ မေ ၂၁
ရခိုင်ပြည်နယ်တွင် အလွန်အားကောင်းသော မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဂွမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ဦးစီးသောအဖွဲ့က ယမန်နေ့နံနက် ၉နာရီအချိန်က ကျိန္တလီမြို့၊ ကျောက်ခေါင်းကွင်း ကျေးရွာရှိ အ.မ.ကကျောင်းအား သွပ်များထောက်ပံ့ခဲ့ပြီး နံနက်၁၀နာရီ ၅၀မိနစ်တွင် ဂွမြို့၊ ရွှေဦးကွင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းအတွက် ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဗိုလ်ချုပ်စိုးနိုင်ဦး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက စေတီကွင်းကျေးရွာအုပ်စု ကျောက်ခေါင်းကွင်းကျေးရွာ အ.မ.က ကျောင်းတွင် မိုခါမုန်တိုင်းတိုက်ခတ်စဥ်က ပျက်စီးသွားခဲ့သည့် အမိုးများအတွက် သွပ် (၇' x ၃') (၁၈၅)ချပ်ကို လည်းကောင်း၊ ရွှေဦးကွင်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရှိ သရက်တောကျောင်းတိုက်မှ ဆရာတော် ဉူးအာရစ္စအား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း အတွက် ဆန်(၃)အိတ်နှင့် ဆီ(၁၀)ပိဿာအားလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် ရွှေဦးကွင်းကျေးရွာအတွင်းပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်