ရခိုင်ပြည်နယ်

ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ကျောက်တော်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈:၄၅ မိနစ်အချိန်က အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မြောက်ဦးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေး၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးများရာနှုန်းပြည့် ပြန်လည်ရရှိ

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းကြောင့် ပြတ်တောက်သွားခဲ့သော လျှပ်စစ်မီးများကို ဇွန်လ ၂၃ ရက်နေ့အပြီး မြောက်ဦးတစ်မြို့လုံး လျှပ်စစ်မီးများ  ရာနှုန်းပြည့်ပြန်လည်ရရှိနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်က မြောက်ဦးမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ရှင်းလင်းဆွေးနွေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊စာရေးများနှင့်တွေ့ဆုံပြီး ပြန်လည်ထူထောင်လုပ်ငန်းများဆောင်ရွက်နေမှုအား လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။

မင်းပြားမြို့၌ "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြတ်တောက်သွားသော လျှပ်စစ်မီးများပြန်လည်ရရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် "မိုခါ" ​ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့ရွာအချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များတွင် ဇွန်လ ၂၃ ရက်နေ့မှစ၍  လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည်  မုန်တိုင်းဘေးဒဏ်ခံခဲ့ရသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည်  မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်  ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များအား တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဒဏ်ခံစားခဲ့ရသည့် ဥပဒေရုံးများအတွက် သွပ်များထောက်ပံ့ပေးအပ်ခြင်းနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ဆေးဝါးများလှူဒါန်း

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဥပဒေရုံးများ ပြန်လည်ပြုပြင်ရန်သွပ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မုန်တိုင်းဒဏ်သင့် ဥပဒေရုံးအသီးသီးမှ ရုံးဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေနှင့် ဆေးဝါးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး၊ တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ဥပဒေရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဥပဒေ အကြံအဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဥဒေအရာရှိများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

ပုဏ္ဏားကျွန်းမြို့၌ လူကုန်ကူးမှုတားဆီနှိမ်နင်းရေး ဉပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မဟာပညာကျော်ခန်းမတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဉပဒေနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မိုခါမုန်တိုင်း ဘေးဒဏ်ခံရသည့် ဒေသခံပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကို သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆)၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြိန်းစေ့ကေကျေးရွာအုပ်စုရှိ အမှတ်(၃၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်