ရခိုင်ပြည်နယ်

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ မြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ လေဘေးသင့်ဒေသများအားပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၇ နာရီအချိန်က အပတ်စဉ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်နေမှုများ အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် မြို့သန့်ရှင်းသာယာ လှပရေးအတွက် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်နေမှု၊ အမှိုက်ရှင်းလင်းနေမှုအား သွားရောက်ကြည့်ရှုခြင်း ပရဟိတဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ထောက်ပံ့ ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီး​တောင် တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၇ နာရီအချိန်က ငကျည်တောက် -ဘူးသီးတောင်သွားရာ လမ်းမကြီးဘေးဝဲ/ယာရှိ တပ်မတော်သားများနှင့် ကျေးရွာသူ/ကျေးရွာသားများပူးပေါင်း၍ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်ဖြင့် ခြုံနွယ်/ပေါင်းပင်များ အားခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်နေခြင်းကို သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။

ရသေ့တောင်မြို့နယ်၌ လယ်သမားများအား စိုက်ပျိုးချိန်အမီ ထွန်ယက်ပေးနိုင်ရန်စက်မှု လယ်ယာပိုင် ထွန်စက် Brand New အသစ် အစီး(၂၀)ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊ နွားတိရိစ္ဆာန်များ သေဆုံးမှုများ ရှိခဲ့ရာ ယခုနှစ်စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် သဘာဝဘေး ပြန်လည်ထူထောင်ရေးအနေဖြင့် ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရခိုင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသည့် တောင်သူများအား New Holland အမျိုးအစား (မြင်းကောင်ရေ-၅၀ရှိ) ထွန်စက်များ​ဖြင့် ထွန်ယက်ပေးသွားမည်ဖြစ်ရာ ယခုအခါ ရသေ့တောင် မြို့နယ်အတွက် ထွန်စက်အစီး (၂၀) ရောက်ရှိလာပြီ ဖြစ်၍ ကျေးရွာများအလိုက် ခွဲဝေချထားဆောင်ရွက်ခဲ့သည်။

တောင်ကုတ်မြို့၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု အစိုးရအမှုထမ်းများငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသားများသို့ စုဆောင်းငွေအတိုးများ ထုတ်ပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကုတ်မြို့နယ် အစိုးရအမှုထမ်းများ သမဝါယမအသင်းမှ အသင်းသားများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ်အတိုးများပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အစိုးရအမှုထမ်းများသမဝါယမအသင်းရုံး၌ ကျင်းပသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ပြန်လည် ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက “မိုခါ” မုန်တိုင်းကြောင့် ယိုယွင်းပျက်စီးခဲ့ကြသော ဘုန်းတော်ကြီးကျောင်းများအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လှူဒါန်းသော အလှူငွေများ ဆက်ကပ်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက “မိုခါ”မုန်တိုင်းကြောင့် ယိုယွင်းပျက်စီးခဲ့ကြသောဘုန်းတော်ကြီးကျောင်းများအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လှူဒါန်းသော အလှူငွေသိန်း(၁၀၀)ကျပ် လှူဒါန်းခြင်းအခမ်းအနားနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ရွာသစ်ကေရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတိုက်၌ ပြုလုပ်သည်။

ရသေ့တောင် မြို့နယ်တွင်မိဘပြည်သူများအတွက် လိုအပ်တဲ့အိမ်သုံးပစ္စည်းများအား ATOM နှင့် We Love Rakhine အဖွဲ့တို့မှပူ‌ ပေါင်း၍ပေးအပ်လှူဒါန်းမှုကို ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင် ယနေ့မွန်းလွဲပိုင်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုင်အတွင်း ကျင်းပသော ATOM ရဲ့(၁)နှစ်ပြည့် အထိမ်းအမှတ် လှူဒါန်းမှုအနေနဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ်ရှိ မိဘပြည်သူများအတွက် လိုအပ်သော အမိုးအကာနှင့်ရိက္ခာစား‌ သောက်ဖွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ဖြစ်သော ATOM နှင့် We Love Rakhine အဖွဲ့မှပေးအပ်လှူဒါန်းမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန လူငယ်သင်တန်းကျောင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး နွေရာသီတွင် အရိပ်ရရှိရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၂ ရက် နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ pptt ၉/၂၀၂၃ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှု အားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုတို့အား သွားရောက် ကြည့်ရှုအားပေးသည်။
Subscribe to ရခိုင်ပြည်နယ်