ရခိုင်ပြည်နယ်

မအီမြို့ ဂျီဖြူတောင် အ-ထ-က (ခွဲ)၌ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း ပန်းအလှပင်နှင့် အရိပ်ရပင်များစိုက်ပျိုး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အ-ထ-ကခွဲ၌ " သစ်ပင်စိုက်ပါတို့ ကမ္ဘာသာယာလှပ စိမ်းမြမြ " ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြေလှပနေစေရေးအတွက် ပန်းအလှပင်များနှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ကျောင်းသူကျောင်းသားများက စိုက်ပျိုးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိန္တလီမြို့၌ တိရိစ္ဆာန်အစာပင်သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ တိရိစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင်ကျိန္တလီမြို့၊ ပုန်းညှက်ကျေးရွာရှိ တောင်သူဦးကိုကိုဦးပိုင် စိုက်ကွင်းတွင် ကျင်းပခဲ့သည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ကျိန္တလီမြို့ စည်ပင်သာယာရေးရုံးနှင့် လျှပ်စစ်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ဒေသခံပြည်သူများနှင့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ် ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ မြို့သစ်ရပ်ကွက်နှင့် သပြေကုန်းရပ်ကွက်ကြားရှိ မြို့လယ်ချောင်း တွင်ပိတ်ဆို့နေသော အမှိုက်များ၊ ဗေဒါပင်များ၊ ခြုံနွယ်၊ပေါင်းပင်များ ရှင်းလင်းရေးနှင့် ရေစီး၊ရေလာကောင်းမွန်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊

သံတွဲမြို့နယ်တွင် သီးနှံအခြေခံစားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

သံတွဲခရိုင်၊ အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနမှ  အမျိုးသမီးများ အိမ်တွင်း၌ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရန် တီထွင်ဆန်းသစ်မှုများ ဖန်တီးရန် ရည်ရွယ်၍ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို သံတွဲမြို့ အောက်မှတ်ချောင်း ကျေးရွာတွင် ၁၉-၆-၂၀၂၃ ရက်နေ့မှ ၂၅-၆-၂၀၂၃ ရက်နေ့ထိ သင်တန်းသား (၂၀)ဦးဖြင့် (၁)ပတ်အကြာ  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ငပလီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂း၀၀) နာရီအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေး ရုံးဝန်ထမ်းများအား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ရသေ့တောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမအတွင်း၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငါးဖမ်းလှေများ၊ ပုဇွန်ကန်များနှင့်ပတ်သတ်၍ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးနိုင်ရေး ငါးဖမ်းလှေပိုင်ရှင်များ၊ ပုဇွန်ကန်ပိုင်ရှင်များက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သံတွဲမြို့၌ မျိုးစေ့ထုတ် စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့် တောင်သူများအား (RS)မျိုးစပါးနှင့် ယူးရီးယားဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

သံတွဲခရိုင်၊ သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် မျိုးစေ့ထုတ် စံပြစိုက်ကွက် စမ်းသပ်စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် ယူးရီးယား ဓာတ်မြေဩဇာများ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါ ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

မာန်အောင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌  ၂၀၂၃ ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲ ၁ နာရီတွင် မာန်အောင် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍‌ ကျောင်းသား/သူများအား(အခမဲ့)ဖြန့်ဝေပေးခဲ့သည်။

အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား အသိပညာဗဟုသုတရရှိရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်ပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား အသိပညာဗဟုသုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေးမှုလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် စပ်စီကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ အသိပညာပေးမှုလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်