ရခိုင်ပြည်နယ်

ကျောက်တော်မြို့နယ်ရုံး Community Centre ခန်းမ၌  ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်၀ိုင်း ပြုလုပ်

ကျောက်တော်မြို့နယ်ရုံး၊ Community Centre ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ ရုံးစာ ရေးသားနည်းခေါင်းစဥ်ဖြင့် ယနေ့နေ့လယ်ပိုင်းက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်၀ိုင်း ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးချုပ်တင်ဆွေ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆေးဝါးကုသမှုပေးနေမှုများနှင့် ကျောင်းသား/ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုများအားကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ မောင်တော-ဘူးသီးတောင် ကားလမ်းမဘေးရှိ ခရိုင်တရားရုံးအနီးတွင် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်ကာ မြို့မတောင်ရပ်ကွက်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ဆေးဝါးကုသမှုပေးနေမှုများနှင့် ကျောင်းသား/ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့၌ ကျောင်းသား၊ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လည်( ၁ ) နာရီအချိန်တွင် ဘူးသီးတောင်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား (အခမဲ့) စောင်ရေ (၅၀၀) ဖြန့်ဝေပေးခဲ့သည်။

မအီမြို့ ဆံထုံးကျေးရွာတွင် ကိုယ်ထူကိုယ်ထ ရွာလယ်ချောင်းတံတားဖွင့်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာတွင် မိုးတွင်းကာလ သွားလာရ လွယ်ကူစေရေးအတွက် ကိုယ်ထူကိုယ်ထ စုပေါင်းတည်ဆောက်ခဲ့သည့် ရွာလယ်ချောင်းတံတားဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တံတားတည်ရှိရာ ရွာလယ်ချောင်း၌ ကျင်းပခဲ့သည်။

ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ (၃)မိုင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များပေးအပ်၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် (၃)မိုင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေ၊ ကျောင်းသုံး ဗလာစာအုပ်များပေးအပ်ခြင်း၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ မြေပြင်ကွင်းဆင်းထောက်ပံ့ခြင်းနှင့် ဓါတ်အားလိုင်းကြိုးများ ပြန်လည်သွယ်တန်း ပြုပြင်နေမှုများအား ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့၊ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ပညာတံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းတွင်  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၄)နာရီက အဆိုပါကျောင်းခန်း ဆောင်၌ ပြုလုပ်ကျင်းပခဲ့သည်။

ရသေ့တောင်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့ပေါ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် မြို့ပေါ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်တော်မြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား စပါးမျိုးစေ့နှင့် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးရာသီတွင် မိုးစပါး စံပြကွက်များ၊ မျိုးစေ့ထုတ်လုပ်ငန်းများ စိုက်ပျိုးမည့် တောင်သူများအား စပါးမျိုးစေ့နှင့် ဓါတ်မြေသြဇာ ထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကျောက်ဖြူမြို့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်‌ရောက်၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)မှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်ရှိ အစိုးရနည်းပညာကောလိပ်အနီးတွင် ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပွဲပျိုးတော် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ (ကျောက်ဖြူ)ဘိုးဘွားရိပ်သာရှိ အဘိုး၊အဘွားများနှင့် ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။
Subscribe to ရခိုင်ပြည်နယ်