မအီမြို့ပေါ်ရပ်ကွက်များ သောက်သုံးရေဖူလုံစွာ ရရှိနိုင်စေရေးအတွက် ညောင်ခြေထောက်ဆည် အား မြေကျင်း ၉၀၀၀ ဝန်းကျင်ခန့် တူးဖော်ရန်လိုအပ်နေ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေနေသည့် ညောင်ခြေထောက်ဆည်မှာ နုံးနွံများ အနည်ထိုင်ခြင်းနှင့် ရေလယ်ခေါင် သောင်ထွန်းလာခြင်း များကြောင့် ဆည်အတွင်းသို့ ကွင်းဆင်းတိုင်းတာချက်အရ မြေကြီးထုထည်ပမာဏ မြေကျင်း ၉၀၀၀ ဝန်းကျင်ခန့် တူးဖော်ရန် လိုအပ်နေကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။