ရခိုင်ပြည်နယ်

ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ် ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု၊ ဂန္ဓမာကျေးရွာတွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဂန္ဓမာကျေးရွာ၊ သပြေတောကျေးရွာ၊ အင်းဖောက်ကျေးရွာနှင့် ကျောက်လှပြင်ကျေးရွာများရှိ ဒေသခံ ပြည်သူလူထုများအား (အခမဲ့) ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုကာ မိုးရာသီကာလ ပြည်သူများအနေဖြင့် ကျန်းမာရေး ဂရုစိုက်နေထိုင်ကြရန် ကျန်းမာခြင်းသည် လာဘ်တပါးဆိုသည့်အတိုင်း ကျန်းမာနေမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာမှန်သမျှ ရွှင်လန်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ် စိုးနိုင်ဦး မိုးစပါး စိုက်ဧက ပြည့်မီရေးနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မိုးစပါး စိုက်ဧက ပြည့်မီရေးနှင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀:၃၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လေဘေးသင့် ဒေသများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညို၊ MSME လုပ်ငန်းလုပ်ကိုင်နေသည့် ကြံတိုင်းအောင် ဆားကြိတ်စက်လုပ်ငန်းအား လေ့လာ အားပေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ဆေးရုံတက်ရောက်ကုသမှုခံယူရာမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့် နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးပြုလုပ်နေမှုအား စစ်ဆေးကာ MSME လုပ်ငန်း လုပ်ကိုင်နေသည့် ကြံတိုင်းအောင် ဆားကြိတ်စက်လုပ်ငန်းသို့ သွားရောက်လေ့လာအားပေးခဲ့သည်။

ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇွန်လ (၁၉)နေ့ နံနက်ပိုင်းမှစတင်၍ (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဖြူမြို့တွင် (၃၆) ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ် းအမှတ် ကဗျာ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၆)ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီ ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ မြို့နယ်ပညာရေး မှူးရုံး၊ ကုမုဒြာခန်းမတွင် ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီအခြေခံပညာအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ မိုးရာသီအခြေခံပညာအားကစားသင်တန်းများကို ယမန်နေ့ ညနေပိုင်းမှစ၍ အဆိုပါကျောင်းတွင် ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်းသိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား ယာယီခိုလှုံရာစခန်းသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း  သိရ သည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က အောင်တပ် ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား ယာယီခိုလှုံရာစခန်းသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း  သိရ သည်။

ပေါက်တောမြို့ရှိ KG ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံ

ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ် အထက် KG သား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(ပေါက်တော)တွင်စုရပ်ထားပြီး စတင်ထိုးနှံပေးလျက်ရှိသည်။

အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား(၂၇-၆-၂၀၂၃)ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အမ်းမြို့နယ်၊ အမ်း-စစ်တွေ ကားလမ်းဘေး၊ မိုင်တိုင်အမှတ် ၆/၀ အနီးရှိကံ့ကော်တစ်ထောင်ဘုရားဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်