ရခိုင်ပြည်နယ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၁၀၀) အား ကျောက်တော် မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ လှူဖွယ်ပစ္စည်းမျ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လှူဒါန်းသော အလှူငွေများအား ကျောက်တော်မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများအား လှူဒါန်းခြင်းနှင့် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကိုယနေ့ နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

တောင်ကုတ်မြို့နယ်၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများသို့ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား ၊ ကျောင်းသူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်မှ စတင်၍ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းလျှက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယာယီတိုက်ပွဲ ရှောင်စခန်းမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ် ပရိသတ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင် စေတီဘုရား ယာယီတိုက်ပွဲရှောင်စခန်းရှိ ယာယီအခြေခံပညာ (မူလွန်) ကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သံတွဲမြို့၌ အခြေခံစားသောက်ကုန် ကြက်သားများကိုဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဝန်ထမ်းမိသားစုများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်သားများကို ရောင်းချပေးခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် သုသာန်အဝင်လမ်း စွန့်ပစ်အမှိုက်ပုံအား စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်ရှိ သိမ်တောင် ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောက်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် သုသာန်အဝင်လမ်း စွန့်ပစ်အမှိုက်ပုံအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

မအီမြို့၌ ကျောင်းသား၊ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့အမှတ် (၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပလတ်စတစ်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ပတ်သက်သည့် ပလတ်စတစ် ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

မအီမြို့တွင် အသက် ၅ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း( Booster dose)ထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်နှင့် အထက် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆး ထိုးနှံပေးခြင်းကို ကျော်ကိုင်းကျေးရွာအုပ်စုနှင့် ကျောက်ဝေကျေးရွာ အုပ်စု အခြေခံပညာကျောင်းများတွင် စုရပ်ထားရှိ၍ ဇွန်လ(၂၆)ရက်နေ့က ကွင်းဆင်းထိုးနှံခဲ့ကြောင်း သိရသည်။

မအီမြို့ပေါ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မအီမြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်