ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး သစ်တုံးနားခွဆုံကျေးရွာတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကာ တံတားနှစ်စင်း ပျက်စီး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းမှုပြီး ဩဂုတ် ၆ ရက်နေ့ နံနက်ပိုင်းမှစ၍ သစ်တုံးနားခွဆုံကျေးရွာတွင် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့ပြီး တံတားနှစ်စင်း ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သက်ဆိုင်ရာ မြို့နယ်များရှိ မြစ်ရေများသည် စိုးရိမ်ရေအမှတ်ထက် မြင့်တက်လာခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး ထိုမြို့နယ်များရှိ ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီလုပ်ဆောင်နိုင်ရန်အတွက်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ မုတ်သုံလေဝင်ရောက်မှုကြောင့် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ပြည်သူများအနေဖြင့် အားကောင်းသော မုတ်သုံလေဝင်ရောက်မှုကြောင့် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေး​လုပ်ငန်းများဆောင်ရွက်ခြင်းကို သြဂုတ် ၈ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကမ်းနီးကမ်းဝေးရေကြောင်း ခရီးသွားပြည်သူများအား ဆိပ်ကမ်းများသို့ သွားရောက်လိုက်လံ အသိပေး ဆောင်ရွက်ခဲ့သည်။

ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌  စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေ ပေးသူတစ်ရာ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာ တိုးပွားရရှိစေရန်  အသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၃/၂၀၂၃) ဖွင့်လှစ်

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၃/၂၀၂၃)ကို ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်မြို့ပေါ်ရှိ အနိမ့်နေရာများတွင် ရေဝင်ရောက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကုတ်ချောင်းရေများ မြင့်တက်ကာ ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများတွင် ရေများစတင်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

မင်းပြားမြို့နယ်၌ လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ထိ လေးမြို့မြစ်ရေ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

မအီမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်မြေပြိုမှုကြောင့် စာသင်ကျောင်းခြံစည်းရိုး ပေ(၅၀)ခန့်ပျက်စီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် အမှတ်(၁)ရပ်ကွက်၊ မူလတန်းကျောင်းရှိ သွပ်ဆူးကြိုးကာရံထားသော ခြံစည်းရိုးအရှည်ပေ (၃၁၀) ရှိသည့်အနက် ကျောင်း၏အရှေ့ဘက်ရှိ ပေ(၅၀)ခန့်မှာ ယမန်နေ့နံနက်(၁၁)နာရီ အချိန်ခန့်က တောင်မြေပြိုကျမှုများကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်