ရခိုင်ပြည်နယ်

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွာကြီးမြောက်ရပ်ကွက်သို့ ကွင်းဆင်းကာ ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်တွေ့ဆုံကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ဆင်းသုခ စပါးပျိုးသက်နု စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ၄ မိုင်ရပ်ကွက်အတွင်းရှိ စိုက်ဧကများအတွင်း ဆင်းသုခစပါးပျိုးသက်နု စိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ခမောင်းတောကျေးရွာ၌ မျိုးဆက်သစ်လူငယ်များအား ငါးသယံဇာတထိန်းသိမ်းခြင်းပညာပေးဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ ခမောင်းတောကျေးရွာတွင် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းခြင်းအတွက် မျိုးဆက်လူငယ်များအား အသိပညာပေးဟောပြောပွဲကို ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သြဂုတ်လ ၉  ရက်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာရေးဆရာမခင်စောတင့် ရေးသားသော "စွန့်စားမှုဆီသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း/ စျေးဝယ် လာသူများအား (Life Jackets) အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင် တတ်စေရေး အသိပညာပေးခြင်းအား ယနေ့ နေလယ် ၁၂ နာရီခွဲအချိန်က ဘူးသီးတောင်မြို့နယ်အတွင်း အခြေပြုပြေးဆွဲနေသည့် ကမ်းနားလမ်းဈေးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြသည်။

မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ရေထုတ်ပြွန်တံတား ပျက်စီးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းကာ ချောင်းရေမြင့်တက်လာမှုကြောင့် ဝေသာလီ-ဥဒေါင်းသွားကားလမ်းပိုင်းရှိ ရေထုတ်ပြွန်တံတားပျက်စီးနေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မင်းပြားမြို့နယ်တွင် ဌာဆိုင်ရာများက စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး (၅)ကြောင်းပူးပေါင်းအဖွဲ့သည် သြဂုတ် ၈ ရက်နေ့လည်က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငဝေကျေးရွာအုပ်စု၊ ကျားရဲပြင် ကျေးရွာသို့ ကွင်းဆင်းကာ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

မင်းပြားမြို့၌ လေးမြို့မြစ်ရေတက်မှုကြောင့် တင်ကျန်ရစ်သည့် ရွံ့နွန်များအား ရှင်းလင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် သြဂုတ်လဆန်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ လေးမြို့မြစ်အတွင်း မြင့်တက်လာကာ မြစ်ကမ်းဝဲယာတစ်လျောက် မြေနိမ့်ပိုင်းကျေးရွာများနှင့် ရပ်ကွက်များတွင် ရေများဝင်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်းနှင့် သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်