ရခိုင်ပြည်နယ်

ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၁၄) တွင် ပါရှိသော “ ပြန်ကြော်ဆီများစားသုံးခြင်းနှင့် ကျန်းမာရေး” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် ယနေ့နံနက် ၁၁ နာရီက Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သော မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဩဂုတ်လ(၅)ရက်နေ့မှ ဩဂုတ်လ (၈)ရက်နေ့အထိ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက အမ်းချောင်းရေနှင့် သယုချောင်းရေ မြင့်တက်လာရာ ရေနစ်မြုပ်နိုင်သော မြေနိမ့်ပိုင်းရပ်ကွက်များရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ကင်းမည့်နေရာများသို့ ကြိုတင်ပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။

သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖုန်းကြိုးပေါ် သစ်ပင်လဲကျ၊ လမ်းပိတ်ဆို့မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ညနေ ၃ နာရီတွင် အမှတ်(၄)ရပ်ကွက် ဘိုကုန်းပတ်လမ်းရှိ ဖုန်းကြိုးပေါ်သို့ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အမ်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးကွင်းဆင်း ဆောင်ရွက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လူမှုရေးရာဝန်ကြီး ဦးစောနိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်တို့သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အမ်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ကြသည်။

ဘူးသီးတောင်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘူးသီးတောင်-မောင်တောကားလမ်းမကြီး၌ တောင်မြေပြိုကျမှုကြောင်း လမ်းပိတ်နေခြင်းအား ဖယ်ရှားဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ညနေပိုင်းက ဘူးသီးတောင်-မောင်တောသွားရာကားလမ်း မိုင်တိုင်အမှတ် ၃၅/ ၃၆ ကြားတွင် တောင်မြေပြိုကျသဖြင့် ကားလမ်းတစ်ခြမ်းပိတ်လျက်ရှိကြောင်း သိရသည်။

မြေပုံမြို့နယ်၌ ဒေါက်တာဇော်ညိမ်း ဦးဆောင်သော ကွင်းဆင်း တီဘီလူနာ ရှာ‌ဖွေခြင်းနှင့် တီဘီရောဂါ ဆေးကုသခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဒေါက်တာဇော်ညိမ်း ဦးဆောင်သော ကွင်းဆင်း တီဘီလူနာ ရှာဖွေခြင်းနှင့် တီဘီရောဂါဆေးကုသခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံ အစည်းအဝေးခမ်းမ၌ပြုလုပ်သည်။

ကျောက်ဖြူမြို့၌ အမှတ် (၃) အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့မွန်းလွဲပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

မိုင်းခုတ်မြို့၌ တောင်ပြိုမှု ဖြစ်ပွားခဲ့ပြီး ယခုအခါခရီးသွားယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီ ဖြစ် 

မိုင်းဆတ်ခရိုင်၊မိုင်းခုတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှုခင်းသာကျေးရွာ(၃)နှင့် ရှုခင်းသာကျေးရွာ(၄)ကြား၊  မိုင်းဆတ်-မိုင်းခုတ်လမ်း မိုင်တိုင်အမှတ် ၁၂၉မိုင်၊၁၃၀မိုင်ကြား  တွင်  ယနေ့နံနက်(၈း၃၀) အချိန်ခန့်ကတောင်ပြိုမှု ဖြစ်ပွား

မာန်အောင်မြို့ အ.ထ.က(ခွဲ) စျေးတန်းပညာရေး မိသားစု(၃၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့ အ.ထ.က(ခွဲ) စျေးတန်း ပညာရေးမိသားစု (၃၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်