အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နှစ်ကျိပ်ရှစ်ဆူဘုရားရှင်များ မြို့လုံးကျွတ်ဒေသစာရီကြွချီပူဇော်ခြင်းကို နှစ်စဉ်မပြတ် ကျင်းပလျက်ရှိရာ (၉၄) ကြိမ်မြောက် မော်လမြိုင်မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲနှင့် ဒဿမအကြိမ်မြောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မော်ရဝတီပန်းခြံရှေ့၌ ကျင်းပပြုလုပ်ရာ ဦးစွာအခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့လုံးကျွတ် ဒေသစာရီကြွချီပူဇော်ခြင်းကို ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
Feb 04,2026
(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ရန်ကုန်) အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
Feb 04,2026
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် Community Centre ခန်းမ၌ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက အ.လ.က (၄) ကျောင်းတွင် ကျွေးမွေးဆောင်ရွက်ခဲ့ကြသည်။
Feb 04,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် သတင်းစကားအသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၆ ခုနှစ် ယမန်နေ့က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Feb 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့မှ စာရေးဆရာ မောင်နေခြည်ရေးသားသော "သူတို့လောကသူတို့ဘဝ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
Feb 04,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ပိုကောင်းဆီအုန်းကုမ္ပဏီ အခြေခံပညာအလယ်တန်းကျောင်း၌ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့သည် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၃ ရက်၊ မွန်းလွဲ ၂ နာရီက ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 04,2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် “(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။