Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျွန်းစုမြို့နယ်၌ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်
Feb 04,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု ကျောက်ပုံချောင်း-ကျွန်းတောင် လမ်းပေါ်ရှိ ကျေးရွာချင်းဆက် မူလပျက်စီးနေသော သစ်သားတံတားအား ပေ(၅၀) သံကူကွန်ကရစ်တံတားတစ်စင်းကို ကျပ်သန်း(၃၀၀)ဖြင့် တည်ဆောက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် မိခင်ကြီးဒေါ်သန်းနွဲ့နှင့် သားသမီးများက အာဟာရဒါနပြုလှူဒါန်း သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၄ ရန်…
Feb 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီးအနီး ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆရာတော်ဘုရားကြီး Dr.အရှင်ဥတ္တမသာရအား အမှူးထားကာ မိခင်ကြီး ဒေါ်သန်းနွဲ့နှင့် သားသမီးများက အလှူဒါနအဖြစ် ကြက်သားဟင်းဆီပြန်၊ ငါးဟင်းဆီပြန်၊ ထမင်း၊ ဟင်းစုံနှင့် အချဥ်ရည်ဟင်းတို့အား ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက အာဟာရဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် အိမ်မြင့်စံကျေးရွာ”ရွှေအိမ်စံ”စာကြည်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကျင်းပ
Feb 04,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်မြင်စံကျေးရွာ စာကြည့်တိုက်ကော်မတီအဖွဲ့များ၊ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း တို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့် သားကောင်းသမီးရတနာများပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းသား/သူများ နှုတ်မှုစွမ်းရည်နှင့် လူအများအလည် ရဲဝံ့စွာပြောဆိုစေရေး၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက “ ရွှေအိမ်စံ” စာကြည့်တိုက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြိုနယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Feb 04,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်(၁၀) နာရီက အ.မ.က- ကြာဖြူကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြော
Feb 04,2026
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အဖြစ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက (ပြည်ထောင်စုနေ့အကြောင်းဟောပြောပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
Feb 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်း၊ ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးအခမ်းအနားကို ဖေဖေါ်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး
Feb 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက အ.လ.က (၄) ကျောင်းတွင် ကျွေးမွေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစ ကလေးငယ်များအားကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Feb 04,2026
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဒိုင်တော်ဓမ္မာရုံ၌ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက စတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
172
Page
173
Page
174
Page
175
Current page
176
Page
177
Page
178
Page
179
Page
180
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department