အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 08,2026
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေး၊ အသိပညာပေးဟောပြောခြင်းပြုလုပ်ခဲ့သည်။
Feb 08,2026
ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုစရိုက်လက္ခာဏာများ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ရှမ်းတိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခါသမယဖြစ်သော ရှမ်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌  စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Feb 08,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဆံတော်စေတီချေးချွတ်သန့်စင်နိုင်ရေးနှင့် ရွှေစည်းခုံဘုရားတောင်ဘက် စောင်းတန်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီက ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
Feb 08,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ‌ ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အိုးဘို‌ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 08,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2026
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအား နယ်မြေများပိုင်းခြား၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊ ပြုပြင်/ထိန်းသိမ်းဌာနစုနှင့် စီမံ/ဘဏ္ဍာ/လုံခြုံဌာနစု၊ယဉ်ကျေးမှုနယ်မြေလုံခြုံရေးဌာနစိတ်တို့မှ အရာထမ်း၊ အမှုထမ်းများဖြင့် ဖွဲ့စည်းထားသည့် နယ်မြေကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှေးဟောင်းအဆောက်အအုံနှင့်အမွေအနှစ်များ ထိခိုက်ပျက်စီးမှုများကို အချိန်မီကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် နေ့စဉ်ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။