ကချင်ပြည်နယ်

ဗန်းမော်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ၃ မိုင်(ရွှေပြည်သာ) ရပ်ကွက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းဝန်းအတွင်းတွင် ပျိုးပင်ပေါင်း (၁,၅၀၀)ကို ဗန်းမော်ခရိုင် သစ်တောဦးစီးဌာနက ဦးဆောင်ပြီး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်းစီမံကိန်းများ လည်ပတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်းစီမံကိန်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်သို့ လေကြောင်းခရီးဖြင့် ‌ရောက်ရှိခဲ့ကြကာ ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရွှေကူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲခန့်က အမှတ်(၄)ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၌ သာယာကုန်းခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာ(Smart Village) ထူထောင်ရေးစီမံကိန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ၊ ပြည်ထောင်စုအဆင့်မှ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည့် ဌာနဆိုင်ရာများနှင့် အားကစားနည်းပေါင်းစုံ၌ နိုင်ငံတော်အဆင့် ဒုတိယဆုရရှိသောဌာနတို့အား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ၂၀၂၄ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသအမှူးပြုသော ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြသည်။

ချီဖွေမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

ရွှေကူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြည်နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းရှိ ရွေးသွေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ကချင်ပြည်နယ်အတွင်း မြစ်ရေကြီးမြင့်မှုဖြစ်စဉ်ကြောင့် ရေဘေးသင့်ပြည်သူများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဇွန်လ ၃၀ ရက်နှင့် ဇူလိုင် ၁ ရက် နေ့တို့တွင် ဧရာဝတီမြစ်ရေသည် စံချိန်တင်ကြီးမြင့်မှု ဖြစ်ပေါ်ခဲ့သည့်အပြင် မိုးကောင်းချောင်းရေ ကြီးမြင့်မှုလဲဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံမှုဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကူးစက်ရောဂါများမဖြစ်ပွားစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သိရသည်။
Subscribe to ကချင်ပြည်နယ်