မြစ်ကြီးနား အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့ပြစနစ်ဖြစ်ပေါ်လာစေရေး မြို့တွင်းလမ်းများ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းရန်ပုံဖြင့် အဆင့်တင်မြှင့် ဆောင်ရွက်လျက်ရှိသော လမ်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်အမှုဆောင်အရာရှိ ဦးလှမိုး၊ ဒုတိယအင်ဂျင်နီယာမှူး ဦးမျိုးဝင်း၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်း ရမ်ပူရပ်ကွက်နှင့် ရွှေညောင်ပင်ရပ်ကွက်တို့အား ဆက်သွယ်ထားသည့် ပါရမီလမ်း အရှည်ပေ(၁၃၀၀)အား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ထို့နောက် ဇော်ဂျွန်းလမ်း (ပြည်နယ်အခွန်ဦးစီးဌာနရုံးမှ ဧရာဝတီဧည့်ရိပ်သာအဆုံးထိ အရှည်ပေ (၂၂၀၀)အား AC ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး ကွန်ကရစ်လမ်းပခုံး အဆင့်မြှင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ အရှည်ပေ ၂၄၀၀ ရှိ လမ်းသွယ် (၄) ကညနရုံးရှေ့လမ်းအား မူလလမ်းအား လမ်းသားမြှင့်တင်၍ အမာခံလမ်းခင်းကျင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဒူကထောင်ရပ်ကွက်၊ မုန်ကျိန်လမ်းအရှည်ပေ(၁၂၀၇)ပေအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများနှင့်လမ်းပေါ်၌ ကွန်ကရစ်တံတား(၃)စင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ရန်ကြီးအောင်ရပ်ကွက် နယ်မြေ(၄)လမ်းသွယ်အား ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လမ်းလုပ်ငန်းများအား အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အမီ ပြီးစီးအောင်ဆောင်ရွက်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်