ကချင်ပြည်နယ်ဝန်ကြီးချုပ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်စာကြည့်တိုက်ဖွင့်ပွဲနှင့် ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (KRSC) ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ကျောင်းသား/ ကျောင်းသူဟောင်းများက စုပေါင်း၍ ငွေကျပ်သိန်း (၇၀၀) ခန့် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းသော အလျား (၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၈)ပေရှိ ရာပြည့်စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။