ကချင်ပြည်နယ်

မိုးကောင်းမြို့ (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရင်းစစ်ရုံး အဆောက်အအုံသစ်ဖွင့်လှစ်၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရိတ်သိမ်းမှု လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ သောက်ရေသန့်စက်ရုံသစ်အား ဖွင့်လှစ်ပေး

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းအိမ် (၃) ထပ်အဆောက်အအုံသစ် ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီတာလမ်းသွယ် - ၄ (ကညနရုံး) ရှေ့လမ်းကတ္တရာလမ်းသစ် ဖွင့်လှစ်

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ပြီးစီးခဲ့သော ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာ ရပ်ကွက်အတွင်းရှိ သီတာလမ်း-၄ (ကညနရုံး)ရှေ့လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၇)နာရီက အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့နယ် ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာ ပဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာတွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဌာန်းမြတ်ရွတ်ဖတ်ပူ ဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါ ကောင်းမှုလုံစေတီတော်ရင်ပြင်ရှိ တေဇသာလာဓမ္မာရုံတော်၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲနှင့် KG ကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း အစီအစဉ်အား တက်ရောက်ကြည့်ရှုအားပေး

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

 “အထက်မှာ ကောင်းမှုလုံ၊ အလယ်မှာ ရွှေစည်းခုံ၊ အောက်မှာ ရွှေတိဂုံ”ဟူ၍ ဆိုရိုးစကားရှိသည်နှင့်အညီ ထင်ရှားကျော်ကြားသော ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ကောင်းမှုလုံကျေးရွာတွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ(၇)ရက်နေ့မှ(၁၂)ရက်နေ့အထိ (၆)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ဆောင်းရာသီ ပါမောက္ခချုပ် ဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်နှင့် စားပွဲတွင် တင်းနစ်အားကစားပြိုင်ပွဲများ ဇန်နဝါရီ ၂၇ ရက်နေ့က စတင်ကျင်းပခဲ့ရာ ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် သင်တန်းသား/သင်တန်းသူများ အားကစားကိုအခြေခံ၍ အချင်းချင်းချစ်ကြည်ပူးပေါင်းမှုရရှိကာ ကာယ၊ ဉာဏ၊ စာရိတ္တ တိုးတက်မြင့်မားရေးအတွက် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူတာအို၌ ရုံးစာရေးသားနည်းသင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ဦးစီးဌာနအတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို သိရှိနားလည်၍ ထိရောက်မှန်ကန်မြန်ဆန်စွာ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရုံးစာရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဒုတိယအကြိမ် ဖွင့်လှစ်သည်။

မိုးညှင်းတက္ကသိုလ်၌ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၉)နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်