ကချင်ပြည်နယ်

မိုးကောင်းမြို့၌ ထာဝရရန်ငြိမ်း‌အေးစေတီတော်အား ရွှေ‌ထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အလယ်ရေရှင်ကျေးရွာရှိ မဏိကာရုံကျောင်းတိုက်ဝန်းအတွင်း တည်ထားပူဇော်အပ်သော ထာဝရရန်ငြိမ်းအေးစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့်အားကစားပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့်အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက သတ်မှတ်နေရာအသီးသီး၌ကျင်းပသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်းမြို့နှင့် မိုးညှင်းမြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်းမြို့နှင့် မိုးညှင်းမြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲရိုးရာမပြတ်ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် တည်ထားကိုးကွယ်သော သမိုင်းဝင်ကောင်းမှုလုံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါကောင်းမှုလုံစေတီတော်ရင်ပြင်၌ ရိုးရာမပြတ်ကျင်းပသည်။

မိုးညှင်းမြို့၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနိုင်းမြို့ သာသနာပြု(ဗဟို)ကျောင်းတိုက်၌ ဗုဒ္ဓအဆုံးအမခံယူပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ သာသနာပြု(ဗဟို)မြို့မကျောင်းတိုက်၌ ဖေဖော်ဝါရီလ(၉)ရက်နေ့ နေ့လယ်(၁)နာရီက တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်နှင့် အခြားဒေသတို့မှ အိမ်ထောင်စု(၁၂၁)စုတို့၏ ဗုဒ္ဓအဆုံးအမခံယူပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်း(ပူတာအို)တို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီ(၈)ရက်နံနက်(၁၀) နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရမောင်မယ် (၈၈၄) ဦးအား ဘွဲ့လက်မှတ်အပ်နှင်းနိုင်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် တတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ(၄)ရက်မှ (၉) ရက်ထိ ခြောက်ရက်တိတိ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပရာ ဘွဲ့ရမောင်မယ်စုစုပေါင်း (၈၈၄) ဦးအား ဘွဲ့လက်မှတ်အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ (Community Centre)ခန်းမ၌ Book Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ (Community Centre)ခန်းမ၌ ဇွဲ(ပညာရေး)နှင့် အခြားကလောင်ရှင်များရေးသားသည့် “သုံးနားညီတြိဂံ”စာအုပ်ဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီတွင် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်