ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟူးကောင်းဒေသအတွင်း တန်(၂၀)ကျ ဒိုးကလေးဆန်စက်ဖွင့်လှစ်ပေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်သရုပ်ပြပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် မတည်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဟူးကောင်းဒေသအတွင်း ဒေသဝမ်းစာဆန်နှင့် ဒေသတွင်း စားဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေးနှင့် ထုတ်ကုန်လုပ်ငန်းများ တိုးမြှင့်လာစေရေးတို့အတွက် တနိုင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲက တနိုင်းမြို့ စည်ပင်သာယာဈေးသို့ သွားရောက်ခဲ့ကြသည်။