ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ် သတ္တမအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် စည်ပင်သာယာရေး အဖွဲ့က ကြီးမှူးကျင်းပလေ့ရှိရာ ယခုနှစ်တွင် သတ္တမအကြိမ်မြောက်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ အေးမြသာယာ အဆင့်မြင့်ဈေးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၁၀)နာရီမှစတင်၍ ဆေးထိုးစုရပ်နေရာဖြစ်သည့် စုပေါင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မချမ်းဘော၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer Comirnaty JN-(Gray Cap) ထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေး ကျန်းမာရေးဌာန(MCH)၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးသွင်းအားစု ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ယခုမိုးစပါး စိုက်ပျိုးကာလအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း တင်း(၁၀၀)နှင့်အထက် ရရှိနိုင်ရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီက သွင်းအားစုဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား မြစ်ကြီးနားမြို့၌ သောင်းသောင်း ဖြဖြဂုဏ်ပြုကြိုဆို

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ် (၂)ခုနှင့် ကြေးတံဆိပ် (၅)ခု ရရှိခဲ့သည့်အပြင် အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန် စိုက်ဆုနှင့် အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် ကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းသည်ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံများက ပြည်နယ်ဂုဏ်ဆောင် ရွှေလက်ပိုင်ရှင်များအဖြစ် သောင်းသောင်းဖြဖြဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။

မိုးညှင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ယမန်နေ့နံနက် ၆ နာရီက ပြည်နယ်အားကစားကွင်း၊ အထူးတန်းပွဲကြည့်စဉ်ရှေ့၌ ကျင်းပပြုလုပ်ရာ စက်ဘီး စီးအားကစားသမားများနှင့် ဝါသနာရှင် စက်ဘီးစီးသမားများ တက်ရောက်ကြကြောင်း သိရသည်။

မိုးညှင်း၌ သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်းသင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းလုပ်ငန်းစွမ်းဆောင်ရည်မြှင့် သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးနည်းသင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက ခရိုင်ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာကမ်းပါးတိုက်စားမှု အခြေအနေအား အမြန်ဆုံးကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အတွင်း မေလနှင့် ဇွန်လပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေကြီးမြင့်ခဲ့မှုကြောင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာတို့ရှိ မြစ်ကမ်းပါးအနည်းငယ်ထပ်မံရေတိုက်စား သွားခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ (၃) နာရီက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်