ကချင်ပြည်နယ်ဝန်ကြီးချုပ် စာမေးပွဲဖြေဆိုနေမှုများ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုရသူများဆုချီးမြှင့် ခြင်းနှင့် ဆဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား တက်ရောက်
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ် ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာ ကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၁ ရက်နေ့တွင် စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်များ စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ စာမေးပွဲဖြေဆို လျက်ရှိသော ကျောင်းသား/ ကျောင်း သူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။