ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အခမ်းအနားနှင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ ပြည်နယ်အဆင့် (ဒသမအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၊ ပြည်နယ်အစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲများသို့ တက်ရောက်
“သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ကြပါစို့” ကြွေးကြော်ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကျရောက်သည့် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ ဒေသတွင်း သမဝါယမအသင်းစုများ၏ ဒေသထုတ် ကုန်ပြခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။