ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)၌ ကျင်းပပြုလုပ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ ဝိုင်းမော်မြို့နယ် မိုင်းနားနှင့် နောင်ချိန်းကျေးရွာအုပ်စုများအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် ဆီများ ထောက်ပံ့ပေးအပ်
ကချင်ပြည်နယ်၊ ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)ရှိ သင်တန်းသား/သင်တန်းသူများအား ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကောလိပ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။