ကချင်ပြည်နယ်ဝန်ကြီးချုပ် ငြိမ်းချမ်းသာယာအားကစားဝင်းအတွင်း မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပေး၊ ငြိမ်းချမ်းသာယာရေကူးကန်အခြေအနေအား ကြည့်ရှုစစ်ဆေး
ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ အများပြည်သူအားကစားပြုလုပ်ရာ နေရာများ စိမ်းလန်းစိုပြည်ရေးကိုရည်ရွယ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားဝင်းအတွင်း ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။