ဆဒုံးမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၈၇.၁၀)ရာခိုင်နှုန်း အောင်မြင်

ဆဒုံး ဇွန် ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၃၁)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ(၂၇)ဦးရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ပြင်ပဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ စုစုပေါင်း(၂၇)ဦး အောင်မြင်ခဲ့သဖြင့် စာမေးပွဲဖြေဆိုအောင်မြင်သည့် ရာခိုင်နှုန်း(၈၇ ဒဿမ ၁၀)ရှိကြောင်းရိုးရိုးအောင်မြင်သူ(၅)ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ(၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၆)ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၇)ဦးရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်၊၊

ခင်မာဝင်း(ဆဒုံး)