ဆင်ဘိုမြို့၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာစောင်ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိ၍ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပသည်။