နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်ဆယ်ရေး(အခြေခံ)သင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြန်မာနိုင်ငံလူမှုကူညီရေးအသင်း၊ ကချင်ပြည်နယ်မှ ကြီးမှူး၍ Rest In Peace Group နှင့် ပြည်နယ်အတွင်း ပရဟိတလူမှုကူညီရေးအသင်း/အဖွဲ့ (၂၀)ကျော်မှ အသင်းသား (၁၉၀)ဦးခန့်တို့ အတွက် နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်ဆယ်ရေး(အခြေခံ)သင်တန်း အမှတ် (၂) ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ပိုင် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။