တနိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

တနိုင်း ဇွန် ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ် စာ‌စောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို  ဇွန်လ (၂၃) ရက်နေ့  မွန်းလွဲ (၁) နာရီခွဲက ကင်ဆားရာရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကင်ဆားရာကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက  စာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်၊ စာပေ၏အကျိုးဇူးများကိုသိရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ကျောင်းသား/ သူများအား အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာ‌ပေးနံရံကပ် စာစောင် များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားခဲ့ကြ‌ကြောင်း သိရသည်။

ပိုင်ထွန်း(ပြန်/ ဆက်)