ကချင်ပြည်နယ်

ရွှေကူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသထွက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာရောင်းချပေး

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ‌ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် သမဝါယမဦးစီးဌာနမှ ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာအလွယ်တကူဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အမှတ်(၁)မြို့မ ဈေးကြီးအတွင်းရှိ ဈေးသမဝါယမအသင်းလီမီတက်ရှေ့၌ ယနေ့နံနက် ၈ နာရီခွဲခန့်က ဒေသထွက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၌ (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များ ကိုဈေးနှုန်းချိုသာစွာရောင်းချပေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ပိုင်းက (၁၀၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးဖိုချောင်သုံး စားသောက် ကုန်များကို အများပြည်သူဈေးနှုန်းချိုသာစွာ စားသုံးရန်အတွက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး ပန်းမြို့တော်ဖြစ်လာစေရေး (၃)နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ရပ်ပြီး စနစ်ကျသောလူမှုပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာစေရေး၊ ရာသီအလိုက်ပန်းအလှပင်များဖြင့် ပန်းမြို့တော်တစ်ခုဖြစ်လာစေရေး (၃)နှစ် စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုးညှင်းမြို့တွင် (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားသောက်ကုန်များ သက်သာဈေးနှုန်းဖြင့် ရောင်းချပေး

(၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် အခြေခံစားသောက်ကုန်များအား သက်သာ သောဈေးနှုန်းဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် စားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်အဖြစ် ဗန်းမော်မြို့နယ်သမဝါယမဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် သမဝါယမအသင်းစုတို့ ပူးပေါင်းပြီး အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မင်းကုန်းရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစုရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)ကျောင်းဝင်း အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)ကျောင်းဝင်း အတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၃၀ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအတွင်းရှိ အဆိုပါကျောင်းဝင်းအတွင်း မွေးမြူရေးဇုံနေရာမြေကွက်လပ်၌ ကျင်းပပြုလုပ်သည်။

ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းဘေးလမ်း လောရှာချောင်း ရေတိုက်စား၍ မြေထိန်းနံရံတည်ဆောက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ ဘောလုံးကွင်းဘေးလမ်း လောရှာချောင်းရေတိုက်စား၍ မြေထိန်းနံရံ အရှည်ပေ (၁၅၀)၊ အနက်(၂)ပေနှင့် အမြင့်(၅)ပေ စတင် တည်ဆောက်ခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ထိုက်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးမောက်မြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်လက်ရွေးစင်အသင်းအား ဂုဏ်ပြုချီးမြှင့်

၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ကချင်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ယမန်နေ့နံနက် ၁၁ နာရီက မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူတို့က ပန်းပွားအကအဖွဲ့များနှင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဧရာဝတီမြစ်ဆုံဒေသအားရှိရင်းစွဲ တောတောင်သဘာဝအလှများအပေါ် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ခြင်းဖြင့် ခရီးသွားပြည်သူများအား အဓိကဆွဲဆောင်ရာနေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြန်မာပြည်မြောက်ဖျားပိုင်းမှ စတင်စီးဆင်းသည့် ဧရာဝတီမြစ်၏ ရှင်သန်ပေါက်ဖွားရာ မြစ်ဆုံဒေသအား ရှိရင်းစွဲ တောတောင်သဘာဝအလှများအပေါ် အခြေခံပြီး သန့်ရှင်းသပ်ရပ်စွာဆောင်ရွက်လိုက်ခြင်းဖြင့် ခရီးသွားပြည်သူများအား အဓိကဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်