ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးရေးနှင့်အတူ ငါးမျိုးစိုက်ထည့်မွေးမြူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်သူများ၏ 7 th Tournament of Hold in One Group မှ ကြီးမှူးကျင်းပသည့် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်ရာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့ Northen Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပူတာအိုမြို့နယ်ပညာရေး GEC သမဝါယမအသင်းလီမိတက်မှ  အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုးများပေးအပ်

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပူတာအိုမြို့နယ် ပညာရေး GEC သမဝါယမအသင်းလီမိတက်မှနှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်ပြီး အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေ ပေါ်အတိုးများပေးအပ်ခြင်းကို ဇူလိုင်(၁)ရက် မွန်းတည့်(၁၂)နာရီက ပူတာအိုမြို့ အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။

တနိုင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း(၁/၂၀၂၃)ဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် ပန်းအလှဆင် ပန်းအလှပြင်သင်တန်းနှင့် အင်္ဂလိပ်စာ (4-Skill) သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထု‌အခြေပြုဗဟိုပြုဌာန (Community Centre)၌ တတိယအကြိမ်မြောက် ပန်းအလှဆင်/ ပန်းအလှပြင်သင်တန်းနှင့် အင်္ဂလိပ်စာ (4-Skill) သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့သည်။

ကာမိုင်းမြို့၌ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်​ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီမှ မွန်းလွဲ (၁) နာရီထိ တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သော သမဝါယမထွက်ကုန်ပစ္စည်းများရောင်းချ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ရက် ယနေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ်ခမ်ကျေးရွာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်

ပူတာအိုမြို့၌ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ် သမဝါယမအသင်းစုမှ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

၂၀၂၃ ခု နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျရောက်သည့်  (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပူတာအိုမြို့နယ် သမဝါယမအသင်းစုမှ ပူတာအိုမြို့နယ် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၆)နာရီမှစတင်၍ ပူတာအိုမြို့ မြို့မဈေး(နံနက်ဈေး)တွင် ရောင်းချပေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားဘူတာရပ်ဝန်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ ပန်းမြို့တော်စီမံကိန်းဖြင့် လမ်းဘေးဝဲ/ယာ အရိပ်ရအလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာ ယာလှပပြီး စနစ်ကျ လူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးနှင့် ရာသီအလိုက် ပန်းအလှပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြေနေစေရေးအတွက် လုပ်ငန်းစီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဘူတာ ရပ်ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယနေ့နံနက် ၈နာရီက မြို့ပေါ်ရပ် ကွက်များ၌ ကွင်းဆင်းဆောင်ရွက်‌ ပေးခဲ့သည်။

မိုးကောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးကောင်းမြို့နယ် သမဝါယမဦးစီးဌာနက ဇူလိုင်လ (၁)ရက်နေ့တွင်ကျရောက်သည့် (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် အဆိုပါဌာန၌ ယနေ့နံနက်(၉)နာရီတွင် ရောင်းချပေးကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်