ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်၊ ၂၀၂၃ ခုနှစ် ကလပ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု လူရွေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်အားပေး

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စနစ်ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ 

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ကွင်းဆင်းဟောပြောလျက်ရှိရာ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၉) ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း(၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

မိုးညှင်းမြို့၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၃) ထွန်စက်စခန်း(ဟိုပင်)နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရွာသစ်ကုန်းကျေးရွာအုပ်စု တောင်သူဦးသန်းထွန်း၏ လယ်မြေတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၃၆၁၁၆)ဧကထိ လျာထားစိုက်ပျိုးသွားမည်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာ မိုးစပါးစိုက်ဧက(၁၃၆၁၁၆)ဧကထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်သည့် လုပ်ငန်း စီမံကိန်းများမှ ပေးသွင်းလာသည့် ပထမ(၆)လအတိုးငွေအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ငန်းညှိုနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ (၆)လအတိုးရငွေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကဏ္ဍအလိုက် လုပ်ငန်းများ တိုးချဲ့၍ ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲကို ယနေ့ မွန်းလွဲ (၂) နာရီချိန်တွင် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ အခြေခံပညာကျောင်းများ၌ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်

ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင်(၆)ရက် နံနက်(၁၀)နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ နေ့လယ်(၂)နာရီတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း ကျင်းပခဲ့သည်။

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သော အင်ဂျန်းယန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ကြီးကြပ်သင်ကြားပေးသော ဆရာ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ ကျောင်းသား ကျောင်းသူများအားဆုချီးမြှင့်ခြင်း၊ ကြီးကြပ်သင်ကြားပေးသော ဆရာ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ (စုပေါင်းရုံး)ဝန်းအတွင်းရှိ အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (ရှေ့တန်းရုံး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်