ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ် စာစောင်များနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ ဆက်လက်ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိ ပညာ ဗဟုသုတကြွယ်ဝစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်၉ နာရီခွဲအချိန်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိနှစ်ခြင်းအသင်းတော်ကျောင်း ဟောခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် စည်ပင်သာယာရေးလုပ်ငန်း များအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပလာစေရေး အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပူတာအိုမြို့နယ်၌ GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်းများ ကွင်းဆင်းစတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း တစ်ခုဖြစ်သည့် (Gis) နည်းပညာအသုံးပြု၍ (Census Units)မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းအား ကွင်းဆင်း စတင် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပူတာအိုခရိုင် ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက် သည်။

ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့်ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ကျင်းပ၊ ဆုရအသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ပြည်ထဲရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲနှင့် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့ မူလွန်ပုန်ခုန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ ၌  နယ်လှည့်စာကြည့်တိုက်‌ဟောပြောပွဲကို  ဇူလိုင်လ (၄) ရက်နေ့နံနက် ၁၀ နာရီအချိန်က ပုန်ခုန်းရပ်ကွက်၊ မူလွန်ပုန်ခုန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာဟောပြော

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှအသက် (၂)နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသောဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ RC ဘုရားကျောင်းနှင့် မိုင်းနား AG ဘုရားကျောင်းသို့ ခေတ္တတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်ရှိ RC ဘုရားကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့ကြသည်။

မချမ်းဘောမြို့၌ အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာကျောင်း၌ ဆောင်ရွက်ခဲ့သည်။

တနိုင်းမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်လ (၃) ရက်နေ့ နံနက် (၁၀) နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်